คิดดีๆๆน่ะ ....
ညီငယ်လေးတို့ ဖက်ဖို့
Joox music player.apk
မင်္ဂလာပါခင်ဗျာ
ဒီတစ်ခါတင်မဲ့ app လေးကတော့
ထိုင်းကချစ်မိတ်ဆွေသူငယ်ချင်းတွေအတွက်ပါ
သိသောသူများကျော်သွားပေးပါ...
မသိသေးသောသူများအတွက် တင်ရခြင်းဖြစ်ပါသည်...
ထိုင်းသီချင်းအသစ်တွေကို online & offline နားဆင်ဆင်နိင်မဲ့ app လေးပါ...
ဒေါင်းယူလိုပါက
အောက်ကလင့်လေးကနေ ဒေါင်းယူနိင်ပါတယ်
🔽🔽🔽🔽🔽🔽🔽🔽
https://www.dropbox.com/s/cknf3wof6am3f74/JOOX.apk?dl=0
အားလုံးပဲ အဆင်ပြေလို့
အရာရာအောင်မြင်ကြပါစေခင်ဗျာ...
( S. W. N. T. )
( http://softwarenantaw.blogspot.com )
ကြိုဆိုလျှက်ပါမိတ်ဆွေ
( ตู่. ไทย...)
Myanmar font style
Myanmar font for free download link.
I have just uploaded these files:
Here
@473451564_PadaukGrandProiFont.apk@
Wellcome
( S. W. N. T. )
http://softwarenantaw.blogspot.com
( ตู่ ..ไทย..)
စိတ်
အားလုံးသောချစ်သူငယ်ချင်းအားလုံး
မင်္ဂလာပါခင်ဗျာ
အခုတင်မဲ့ပို့လေးကတော့ လူတွေလူတွေ အားလုံးရဲ့အစိုးရဖြစ်သော စိတ်နဲ့ပါတ်သတ်ပြီး ကျန်တော်သိသလောက် ရေးသားမှာဖြစ်ပါတယ်။ယခုတင်မဲ့ပို့လေးမှာ အမှား တစ်ဦးတစ်ယောက်ကိုထိခိုက်စေမယ်ဆိုရင်ခွင့်လွတ်ပေးပါလို့ ဦးစွာပထမ တောင်းဆိုအပ်ပါတယ်ခင်ဗျာ....
▫▫▫ စိတ် ▫▫▫
ယခုကျန်တော်တို့ ရှင်သန်နေထိုင်တဲ့ ကမ္ဘာမြေကြီးပေါ်မှ သက်ရှိအားလုံးဟာ စိတ်ရဲ့ စေခိုင်းမူ့ တောင်းတမူ့ ကြောင့်ကြမူ့တို့ဖြင့် နေ့စဉ်ဘဝကိုကျင်လည် နေထိုင်စားသောက်နေကြတာ အားလုံးလဲ သိကြ မြင်ကြမယ်ထင်ပါတယ်။
ထိုတွင် ရှင်သန်နေထိုင်ကြသူများထဲတွင် မိမိရဲ့ စိတ်ပေါ်မူတည်ပြီး ကောင်းသော ဆိုးသော လူများဟူ၍ ဖြစ်လာကြ၏။ ကောင်းတဲစိတ် ကောင်းတဲ့ အကြံ ရှိသောလူသည် ကောင်းတာလုပ်မည်။ဆိုးသော စိတ်အကြံရှိသောလူသည် ဆိုးတာကိုလုပ်မည်။
ဒီကောင်းကောင်းဆိုးဆိုး အရာအပြုအမူအကြံမှန်သမျှဟာ စိတ်ရဲ့စေခိုင်းမူ့ကြောင့် ဖြစ်သည်။ဒါကိုလူတွေက မမစဉ်းစားမိတော့ လိုခြင်လို့လုပ်တာပဲ စားခြင်လို့လုပ်တာပဲ ဆိုကာ အမျိုမျိုးပြောတက်ကြသည်။ စိတ်ရဲ့ ကြီးစိုးမူ့ကို မမြင်နိင်။ဒီလိုမမြင်နိင်ကြတော့ နောင်ဆုံးဘာဖြစ်ကြလဲ မလုပ်သင့် မဖြစ်သင့် မကြံသင့်တာတွေ ကြာကာ အမှားလမ်းကို မမြင်နိင် လျောက်လှမ်းနေကြတယ်။မကောင်းခြင်းရဲ့နိဂုံး နောက်ဆုံး ဘဝတွေဟာ တဖြည်းဖြည်း ပူလောင်လာတယ် အန္တရာယ်တွေလဝိုင်းလာတယ် ရောဂါတွေလဲ ဝင်လာမယ်။တွေးကြည့်ရင် တကယ်ကြောက်စရာကောင်းလှသည်။
ဒါကိုမမြင်နိင်သူတချို့က မိမိစိတ်ရဲ့ အလိုလိုက်ကာ စဉ်းစားခြင့်ချိန်နိင်မူ့မရှိတော့ အမှားတွေ တစ်ခုပြီးတစ်ခု ဇယ်ဆက်ဆိုသလိုကြူးလွန်နေကြတယ်။သိမြင်နိင်သူတွေကတော့ မိမိစိတ်ကို ထိန်းနိင်စွမ်းအား ရှိသဖြင့် အရာရာသတိနဲ့နေထိုင်သဖြင့် အမှားမလုပ်မီ အမှားမှန်းသိ ရှောင်နိင်စွမ်းအားရှိသဖြင့် အမှားနည်းကြတယ်။
လက်ရှိ အပြင်လောက မှာ ကျန်တော်ခနခနကြားနေရသောသတင်းတွေ အများပင်။ လောဘစိတ်ကြောင့် သားအဖခြင်းပင် သတ်တဲ့အထိ ကြားရသည်။ဒေါသစိတ်ကြောင့် ခိုက်ရန်တွေဖြစ် သေကြေကြရတာလဲအများအပြားပင်။ကိလေသာစိတ် ကြောင့် ပဲ မလုပ်သင်တာတွေ လုပ်ပြီး ဘဝတွေ ဆုံးရုံးကြတာတွေလဲကျန်နေသေးသည်။ယခုလိုဒေါသ၊လောဘ၊ကိလေသာစိတ်တွေရဲ့ ဖြစ်တည်ရာ နေရာက စိတ်ပင်။ မိမိစိတ်ကိုနိင်က အမှားအမှန်ကို ခွဲခြားနိင်လာမယ်ဒေါသကိုထိန်းနိုင်မယ်ကိလေသာစိတ်နည်းလာမယ်။
ထက်ပြောလိုတာက မိတ်ဆွေသူငယ်ချင်းလဲ ထိုလိုအခြင်းအရာတွေ နဲကင်းအောင် စိတ်ကို နိင်အောင်ကြိုးစားပါနော်။မိမိစိတ်မနိင်က ဖြစ်လာမဲ့အကျိုးစက်က မိမိကို အခုဘဝတွင်သာာမက နောင်ဘဝတွေအဆင်ဆက်အထိ ပေးဆပ်ရပါလိမ့်မယ်။စိတ်ရဲ့ စိုးမိုးမူကို ကင်းပါစေ။
ကျန်တော်ဖက်ဖူးသော ဆရာတော်တစ်ပါးရဲဆုံးမစကားလေးသတိရလို့ ပိုလေးနဲ့လဲ ကိုက်ညီလို့ရေးလိုက်မယ်နော်
🔸🔸🔸 စိတ်ကြောင့်ကျင်လည်ပုံ 🔸🔸🔸
➡လူပြည်နတ်ပြည် ဗြဟ္မပြည်
ကျင်လည်စိတ်ကြောင့်သာ
➡အပယ်လေးပါးကြသူများ
မှတ်ကြစိတ်ကြောင့်သာ
➡ကောင်းဆိုးယုက်မြတ် ဖြစ်လာတက်
မှတ်ကြစိတ်ကြောင့်သာ
➡မြတ်သောနိဗ္ဗာန် ဤနေရာ
စိတ်ဆောင်ရောက်မည်သာ....
အားလုံးသောချစ်မိတ်ဆွေ သူငယ်ချင်းများ
လေဘ၊ဒေါသ၊မောဟ၊မာနကင်းကွာ နိဗ္ဗာန်
မြတ်မှောက် ပြု သာသနာအကျိုး ရွက်သယ်ပိုး
နိင်ကြပါစေခင်ဗျာ.....
✒ http://soelaycupid.blogspot.com✒
✒http://softwarenantaw.blogspot.com✒
🙏🙏 ကြိုဆိုပါ၏မိတ်ဆွေ. 🙏🙏
👦👦 ချစ်သူ. 👦👦
အားလုံးကိုလေးစားစွာဖြင့်.............
သိစေခြင်သည်
ချစ်သောမိတ်ဆွေ ချစ်သူငယ်ချင်း ညီအကိုမောင်နှမအားလုံးမင်္ဂလာပါလို့ ဦးစွာပထမနူတ်ခွန်းဆက်သလိုက်ပါရစေ။
ကျန်တော် အခုတင်မဲ့ပို့လေးကတော့ ကျန်တော့ရဲ့ ညီမငယ် ညီငယ် ချစ်သောသူငယ်ချင်းများကို ဖေ့ဘွတ်သုံးရင်း အမှားတွေမကြုံတွေစေဖို့ အခုပို့လေးကနေ သိသလောက် ပို့တင်ရေးသား ပြောပါရစေနော်။
◽◽◽ သိစေခြင်သည် ◽◽◽
ယခုတစ်လော လူကောင်းလူဆိုး ကလေးလူကြီးပါမကျန်ဖေ့ဘွတ်ကို သုံးစွဲကြတာအားလုံးအသိပင်။ထိုအပြင် စီးပွားရေးသမားများ ဝန်ဆောင်မူ့သမားများအပြင်ကုမ္မဏီများကပါ သုံးစွဲနေကြပါပြီ။ ဒါပေမယ့်ဗျာတစ်ဖက်မှာလည်း တစ်ချို့ဖေ့ဘွတ်ကို အသုံးပြုကာ တစ်ပါသူကို နာကျင်စေ၊အရှက်ရစေ မယ့် ပို့တွေတစ်ပါးသူရဲ့ ပုံကို ယူကာ အရှက်ရစေမဲ့ ပို့တွေရေး မိမိအပျော်အတွက် အသုံးချ တက်ကြသော လူမျိုးများလဲ တွေ့နေရတယ်။ ဖေ့ဘွတ်ဆိုသော ဆိုရှယ် မီဒီယာကို အသုံးပြုကာ မကောင်းသော အလုပ်လုပ်သူများလဲရှိနိင်သေးသည်။ သတိထားစရာပင် ...
ယခုအကြောင်းလေးပြောပြပြီးပြီဆိုတော့ မိတ်ဆွေသူငယ်ချင်း ညီ၊ညီမငယ်လေးတို့ကို တစ်ခုလောက်တော့ ပြောခွင့်ပြုပါ။ သင်တို့ကျန်တော်တို့သည် နေ့စဉ်မအား အလုပ်ထဲမှာအချိန်ကုန်နေသူတွေ ဘဝအတွက် ရူန်းကန်နေရသူတွေလို့ ကျန်တော်ထင်ပါတယ်။ သင်တို့ကျန်တော်တို့က တစ်နေ့တာ ပင်ပန်းသမျှအမောပြေစေဖို့ နဲ့ အပေါင်းအသင်း နယ်ပယ်ချဲလိုသောကြောင့် ဖေ့ဘွတ်ကိုသုံးနေကြတယ်။
ဒါပေမယ့်ဗျာ သင်တို့ရဲ့ အပန်းဖြေ မူ့တွေ အပျော်တွေဟာ တစ်ခါတစ်လေ မကောင်းသောသူမျိုးတို့နင့်ကြုံတွေ့ပါက အနည်းဆုံး နာမယ် ပျက် မိမိ မျက်နှာပျက်နိင်သည်။ ကျန်တော် ပြောတာ သင်မရှင်းဘူးလိုထင်ပါတယ်။ကျန်တော် သေခြာရှင်းပြပေးပါမယ်။အခုတစ်လောဖေ့ဘွတ်မှာတွေ့တွေ့နေရတဲ့ မိမိပုံကိုတင်ပြီး ပို့တင် သူငယ်ချင်းတွေ တွေ့ကြ စကားပြောကြ နဲ့ဘဝကြီးမှာ အပျော်ရှာ နေကြတာ သူငယ်ချင်းတို့လဲ ကိုယ်တိုင် တင်မိကြမှာပဲ။ ကျန်တော်လဲတင်ပါတယ်။ဒါပေမယ့်ဗျာ တစ်ကယ်တော့ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် အခန့်မသင့်ရင် သူငယ်ချင်မိတ်ဆွေတွေကြားမျက်နှာပျက်နိင်သည်။
ဥပမာဗျာ သင်ကသင့်ပုံကိုတင်မိပြီဆိုပါဆို့ တစ်စုံတစ်ယောက်သောသူ အကြံဖန်သမားနဲ့ တွေ့က သင်ပုံဟာ ဖြတ်ဆက် ရာကနေ sexy ပုံတွေ တစ်ခြားအမြင်မတော်စရာပုံတွေ ဖြစ်နိင်သည်။ ပုံတွေတင်သောသူငယ်ချင်းများ သတိရှိပါ။ကျန်တော် ဖေ့ဘွတ်မှာ ကြာပါပြီတွေ့ဖူးတာ သိသူတွေလဲရှိရင်ရှိမှာပါ။
ရဟန်းသံဃာတော်တွေ ကို ရည်ညွန်းသော် ဖြတ်ဆက်ပုံတစ်ပုံ။ပုံမှာ ရဟန်းသံဃာတော်တွေ က ကောင်မလေးတွေနဲ့လက်တွဲသွားတဲ့ပုံပါ။မသင်တော်ပေ။ယခုလို ဆိုရုယ်အဖွဲ့အစည်းမှာတင်တော့ မြန်မာပြည်ရဲ့ သာသနာ ပိုပြီး ညိုးနွမ်းစေနိင်သည်။
ကျန်တော် နောက်ဆုံးအနေနဲ့ ပြောလိုတာက သင့်ပုံကို ဖေ့ဘွတ်မှာ တင်ခြင်းထက် သင်ရဲ့ခံစားချက်ကို တခြားခံစားချက်ကို ကိုယ်စားပြုတဲ့ ပုံလေးတွေ တင်တာ ပို လုံခြုံပါတယ်။ကျန်တော် ပြောခဲ့တာတွေလဲ မကြုံနိင် ဘူးလို့တော့မထင်လိုက်နဲ့နော် အခုခေါက်က ကွန်ပြူတာခေါတ် အင်တာနက်ခေါတ် ဆိုတာလဲမမေ့ကြပါနဲဗျာ။
ဖြစ်ပြီးမှ ခံစားရတာထက် မဖြစ်ခင် ထိန်းသိန်းနေတာ ပိုသင့်တော်မယ်ထင်ပါတယ်။
အခုပြောသောစကားပြောရခြင်းရဲ့ အဓိကမှာ ကျန်တော်သူငယ်ချင်းတွေကို မဖြစ်သင့်တာမဖြစ်ရအောင် ရည်ရွယ်ချက်တစ်ခုထဲနဲ့ပဲ အခုလို ပိုတင်ရေး ရခြင်းဖြစ်ပါတယ်ဗျာ။
အမှားတစ်စုံတစ်ရာ ပို့လေးမှာ တွေ့ရှိခဲ့ပါက ခွင့်လွတ်ပါခင်ဗျာ။
" သတိရှိပါ ညီငယ် ညီမငယ်
တစ်ခါတစ်ရံညီလေးညီမလေးတို့ရဲ့
အမှားလေးတစ်ခုက
ပြင်ရခက်လောက်အောင်
အသက်အန္တရာယ်ပင် ထိခိုက်စေနိင်တဲ့အတွက်
အရာရာ သတိရှိပါကွယ် "
⭐⭐⭐ ချစ်သူ ⭐⭐⭐
🌟🌟http://softwarenantaw.blogspot.com🌟🌟
🌟🌟http://soelaycupid.blogspot.com🌟🌟

အခုပြောသောစကားပြောရခြင်းရဲ့ အဓိကမှာ ကျန်တော်သူငယ်ချင်းတွေကို မဖြစ်သင့်တာမဖြစ်ရအောင် ရည်ရွယ်ချက်တစ်ခုထဲနဲ့ပဲ အခုလို ပို့တင်ရေး ရခြင်းဖြစ်ပါတယ်ဗျာ။
အမှားတစ်စုံတစ်ရာ ပို့လေးမှာ တွေ့ရှိခဲ့ပါက ခွင့်လွတ်ပါခင်ဗျာ။
" သတိရှိပါ ညီငယ် ညီမငယ်
တစ်ခါတစ်ရံညီလေးညီမလေးတို့ရဲ့
အမှားလေးတစ်ခုက
ပြင်ရခက်လောက်အောင်
အသက်အန္တရာယ်ပင် ထိခိုက်စေနိင်တဲ့အတွက်
အရာရာ သတိရှိပါကွယ် "
⭐⭐⭐ ချစ်သူ ⭐⭐⭐
🌟http://softwarenantaw.blogspot.com🌟
🌟http://soelaycupid.blogspot.com🌟
ညီငယ်လေးဖက်ဖို့
ညီမငယ်လေးဖက်ဖို့
မကြာခင်အချိန်အတွင်းမှာဆိုရင်ပဲ
မြန်မာတို့ရဲ့ အလေးအမြတ်ထားရာ
ချစ်စရာ အတာသင်္ကြန်ကို ရောက်
ရှိပါတော့မယ်။
ဒီနစ်သင်္ကြန်အချိန်မှာ ညီမငယ်လေးတွေကို
ပြောလိုတာက တို့မြန်မာဘိုးဘွာတွေလက်ထက်
ကတဲက ထိန်းသိမ်းလာတဲ့ မြန်မာ့အစဉ်အလာ
ယဉ်ကျေးမူ့တွေကို ထိန်းသိမ်းကြစေခြင်တယ်။
မိမိရဲ့ ဝတ်စားဆင်ယင်မူ့ ၊ မနေအထိုင်အဝတ်
အစားတွေကြောင့် ကမ္ဘာက လေးစားတဲ့ တို့မြန်မာ
လူမျိုး ကို ထိခိုက်စေခြင်ဘူး။
ညီမငယ်တို့က လှခြင်လို့ဝတ်တယ်
ဟုတ်ပါတယ် မိန်းခလေးပဲလှခြင်မှာပေါ့။
ဒါကိုတော့ အကိုလက်ခံပါတယ်။ဒါပေမယ့်ဗျာ
အလှအပဆိုတာ ခေါတ်မှီ အောင်ပျံလန်အောင်ဝတ်စား
ထားမှအလှမဟုတ်ပါဘူး။အဲ့လိုဝတ်စားထားတဲသူတွေကလဲ
တကယ်အလှအစစ်မဟုတ်ပါ။သူတစ်ပါးတွေကို မြူဆွယ်
ဖြားယောင်းရာကြပါတယ်။
မိမိကအဲ့လိုမတွေးပေမယ့် မိမိအဝတ်အစားက သူတစ်ပါးကို
နှောက်ယုက်တာပါ။ အခန့်မသင့်ရင် ညီမငယ်လေးတို့ ဒုက္ခ
ရောက် ဘဝတွေပါ ပျက်ကောင်းပျက်သွားနိင်ပါတယ်။
ညီမငယ်လေးတို့ လှခြင်တယ်ဆိုရင် အကို အကြံ တစ်ခု
ပြုပါရစေ။
ကမ္ဘာတွင်ကော
တစ်ချို့ ကဗျာတွေမှာပါညီမငယ်လေးတို့ တွေ့ဖူး
ဖက်ဖူးကြမှာပါ။ မိန်းကလေး တွေကို ပန်းလို့ တင်စား
ခေါ်ဝေါ်ကြတာပါ။
ပန်းတွေအားလုံးဟာလဲ သူအလှနဲ့သူရှိကြတာပဲမဟုတ်လား။
အဲ့အတိုင်းပဲ ညီမငယ်လေးတို့ ကိုယ်စီမှာလဲ သဘာဝကပေး
တဲ့အလှကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြပါတယ်။
အရေးကြီးတာက မိမိခန္တာကိုယ် အသားအရေနဲ့ လိုက်ဖက်
သင့်တော်မဲ့အဝတ်အစားမျိုးကို ရွေးချယ်တက်ဖို့ပါပဲ။
ခေါတ်ပေါ်ပုံပျက်ပန်းပျက်တွေဝတ်မှ အလှမဟုတ်ပါဘူး။
မြန်မာအလှ ကမ္ဘာကတောင် အသိအမှတ်ပြုခဲ့တာပဲ။
ညီမငယ်လေးတို့ ခေါတ်ပေါ်လေးမှ ချစ်ကြိုက်မြတ်နိးတယ်
ဆိုလဲ ရိုးရိုးယဉ်ယဉ် လေးနဲ့ ခေါတ်ဆန် အဝတ်အစားတွေလဲ
ရှိကြပါတယ်။
မြန်မာ့ရိုးရာ အစဉ်အလာကို ဖြတ်မဲ့ အဝတ်အစားတွေ
ကို မဝတ်ကြပါနဲ့လားညီမငယ်လေးတို့ရယ်။
အကို့တို့ က မြန်မာလူမျိုး နေတာကမြန်မာမြေ မှာနေပါလျက်
ဘာကြောင့်များ အမျိုးကို တုံးစေမယ် ဖျက်စီးမဲ့ အဝတ်အစား
တွေကို ဝတ်ခြင်နေရတာလဲညီမငယ်လေးတို့ရယ်။
မြန်မာဆန်ဆန်လေးနဲ့ လိုက်ဖက်အောင်ဝက်တက်မယ်ဆို
ရင် ညီမလေးတို ပိုကြက်သရေရှိ အမျိုးမြတ် သွားမှာပါ။
ယောက်ကျားလေးတွေလဲ မနှောက်ယှက်ရဲပါဘူး။
ညီမငယ်လေးတို့ ရာ ပညာတက်ခေါတ်ကြီးထဲမှာ
မြင်အောင်ကြည့်စမ်းပါညီမငယ်လေးတို့ရယ်။
မိမိအလှအဝတ်အစားကြောင့် မိမိဘဝပျက်ရမယ့်
အဖြစ်မျိုး မကြုံတွေ့ရလေအောင် ဆင်ခြင်ကြပါညီမငယ်
လေးတို့ရယ်။
နောက်ပြီး
မိန်းခလေးတွေ သောက်စားတာဟာ သင်္ကြန်အချိန်မှာ လုံဝ
မလုပ်သင့်တဲ့ အရာပဲ။ မာယာများတဲ့ ကျားတွေ ကြားထဲမှာ
မူးယစ်ပျော်ပါးမူ့ကြောင့် စဉ်းစားမဆင်ခြင်နိင်တော့ပဲ
ပျော်ပါးသွားခဲရင် ညီမငယ်လေးတို့ဘဝ အညွန့်ကျိုးရခြည်ရဲ့
ဆင်ခြင်ပါနော် ညီမငယ်လေး။
အကိုအခုလိုရေးတာ ညီမငယ်လေးတို့ရဲ့
တစ်ဘဝစာအတွက် စဉ်းစာပြီး ရေးတာပါ။
ဆရာကြီးလုပ်တယ်၊အာဏာလာပေးတယ်လို့တော့မထင်
စေခြင်ဘူးကွယ်။
'' ရိုးရိုးယဉ် "
နစ်သစ်ကူးလို့ ပန်းတွေဝေ
ပိတောက်ပန်းတွေ အချိန်မှန်ပေ
ရိုးရိုးယဉ်ယဉ် သူ့အလှ
ပိတောက်ပန်းလေးနဲ့
ရူ့မဝ။
( သင်္ကြန်စာ )
*** ချစ်ညီမလေးများသိစေအပ်ဖို့ ***
<<http://softwarenantaw.blogspot.com>>
<<http://soelaycupid.blogspot.com>>
<<<< နစ်သစ်ကို ကြိုဆိုပါ၏ >>>>
<<<< โซตู่ >>>>
☆☆စကားပြောမှားပါရင်ခွင့်လွတ်ပေးပါ ညီမငယ်☆☆