ညီငယ်လေးတို့ ဖက်ဖို့


               👨‍💻👨‍💻  ညီငယ်တို့ ဖက်ဖို့ 👨‍💻👨‍💻

မဂ်လာပါ ညီငယ်ညီမငယ်တို့
    အခုအကိုပြောမယ့်အကြောင်းအရာလေးက
ညီငယ်ညီမငယ်တို့ ဘဝမှာ တကယ်အောင်မြင်မူ့ကို
လိုခြင် ရယူပိုင်ဆိုင်ခြင်တယ်ဆို မိမိရဲ စိတ်ဓါတ်ကို အဓိက
ခိုင်မာရင့်ကျက်အောင် ပြင်ဆင်ပါ။အောင်မြင်မူတစ်ခုရဖို့ဆိုတာ မလွယ်ကူမှန်းကို နားလည်ထားပါ။မိမိမျော်မှန်းထားတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ကြိုးစားရမှာဖြစ်ပြီး အောင်မြင်မူဟာ အချိန်တွေ အင်အား မိမိရဲ့ ပျော်ရွင်မူ့တွေစတေးပြီး မှ တင်လှန်းနိင်မှာပါ။
     လူကကြိုးစားမူ့မရှိ စိတ်ထဲကကြိတ်ကြိုးစားလို့မရသလို စိတ်ကအာရုံစူးစိုက်ကြိုးစားမူ့မရှိ လူကြည့်ပဲ ကြိုးစားရင်လဲ မရနိင်ပါ စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ်မှ အောင်မြင်မူ့ဆိုတာ နီးစပ်နိင်တာပါ။ ဒီနေရာမှာ တစ်ခုပြောလိုတာက အရာရာမှာ လောဘဆိုတာ မရှိမဖြစ်ဆိုသလို ပိုလွန်းရင်လဲပျက်စီးသွားတက်ပါတယ်။ မိမိကိုယ်ကို ဆင်ခြင်တုံတရား ဖြင့် အရာရာကို စဉ်းစားပြီးမှ သေခြာမှ လုပ်သင့်ပါတယ်။ဒီလိုမှမဟုတ်ရင် လှောက်လှမ်းတဲ့လမ်းဟာ လမ်းလျှော်ကျနိင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့် အရာရာကို သေသေခြာခြာ အမှားအမှန် စဉ်းစားပြီး ဆုံးဖြတ်တက်အောင် လေ့ကျင့်ထားပါ။
     ရည်ရွယ်ချက်တစ်ခုကို ခိုင်မာစွာထားပါ။
ဘာကြောင့်လဲဆိုတော့ ရည်ရွယ်ချက်မရှိသူဟာ ဘာမှမတွေ မစဉ်းစားတက်ဘူး။ သူဘဝအဆင်ပြေရုံပဲကျေနပ်နေတင်ကျတယ်။မိမိကတကယ်ကြီးပွားလိုရင်တော့ သူတို့လိုတော့ နေလို့မရဘူး ရည်ရွယ်ချက်ကောင်းကောင်းထား လှေကားတစ်ထစ် တစ်ထစ်စီ တက် လောဘမကြီးနဲ့ ။ပုံမှန်လေးသာကြိုးစားတက်ပါ အချိနိတန်ရန် သင်ကြိုးစားမူ့ပေါ်မူတည်ပြီး အောင်မြင်မူ့ဟာ တစ်ထစ်တစ်ထစ်စီ တက်လှမ်းနိင်လာပါလိမ့်မယ်။ဒါပေမယ့် ညီငယ်တို့သိထားရမှာက လူဘဝမှာ အောင်မြင်မူ့ဆိုတာ အဆုံးအစ မရှိပါဘူး
ဘာနဲ့တူသလဲဆိုတော့ ရှည်လျားလှတဲ့ လှေကားထစ်ကြီးကို တက်နေရသလိုပါပဲ ။
     အပေါ်ရောက်ဖို့ရာ ကြိုးစားတက်ရပေမယ့် ခြေလျှော်ကျရင်တော့ အထိနာတက်ပါတယ်။ဒါပေမယ့် ထိုနာကျင်မူ့ဟာ ညီငယ်တို့ ကို နောက်ထက်မကျအောင် သင်ခန်းစာ အဖြစ်ကျန်ရစ်ပါတယ်။
      ကြိုးစားတာပဲ အခုထိ ဘာမှမထူးပါဘူး
စတဲ့အပြောလေးတွေကြားနေရတယ်
တကယ်တော့ သူကိုယ်တိုင်ကို သူလှေကားတစ်ခြင်းတက်နေပေမယ့် လောဘ အားမလိုအားမရခြင်းကြောင့် ထိုသူတွေ ဟာ မိမိအောင်မြင်မူ့ကို မမြင်ကြတာပါ။
    နောက်တစ်ခုက ကြိုးစား စဉ်းစားတွေခေါ်ရုံနဲ့မရသေးပါ။မိမိကိုယ်ကို သေခြာ မြင်နိင်အောင်ကြိုးစားပါ။ အမှားတွေလို့ သူများပြောရင် သေခြာစဉ်းစားကြည့် မှန်က ပြင်နိင်ပါစေ။ငါလုပ်သမျှမှန်တယ်လို့မထင်ပါနှင့် ။ တစ်ခါတစ်လေ မိမိကိုယ်တိုင် မသိနိင်တဲ့ အမှားကို အပြင်လူတွေ က သိနိင်မြင်နိင်ပါတယ်။ နောက်တစ်ချက်က
      အပေါင်းအသင်း ရွေးခြယ်ရာမှာ မရေးကြီးပါတယ်။
မိမိအရွေးမှန်ရင် မိတိဆွေဆိုတာ မိမိဘဝကို ပါရမီဖြည့်ပေးကြတယ်။ဒီလိုမှ မဟုတ်ပဲ သင်အရွေးမှား ခဲရင်တော့ သင်ဘယ်လောက်ပဲ တော်နေပါစေ သင်ဟာ လဲ ပျက်စီးစေနိင်ပါတယ်။
    ဒါကြောင့် အပေါင်းအသင်းရွေးရာမှာလဲ ရွေးတက်ပါစေ။  
      ငွေ
   ငွေဟူသည် သုံးတက်ရင် ဆေး မသုံးတက်ရင်ဘေးပါ ။
ဒီတော့ ငွေသုံးရာမှာ မိမိဘဝတိုးတက်ရာတိုးတက်ကြောင်း အရင်းအနှီး ကြိုးစားရင်းနှီးရမှာဖြစ်ပြီး ဟိုဝယ်ဒီဝယ် ရှာလိုက်ကုန်လိုက် တော့ရှောင်သင့်ပါတယ်။
ဒီနေရာမှာ ပြောလိုတာ က 
   မိမိအတွက်တကယ်လိုအပ်မယ်ထင်ရင်ဝယ်ပါ
မလိုအပ်တာတွေကို ငွေအကုန်ကျခံ မဖြူန်းပါနှင့်။
       နောက်တစ်ခုကအချိန်
     အချိန်နှင့် ဒီရေသည် လူကိုမစောင့်
ညီငယ်တို့လဲသိကြမှာ ပါ။ အခုလိုနှငယ်တဲ့အချိန် ပညာမရှာ စီးပွားမရှာခဲ ရင့် ကြီးမှဆိုရင့် နောင်တရမယ်နော်။
အချိန်နာရီတွေဟာ အချိန်မှန်လည်ပတ်နေတာပါ ဘယ်သူကမှ ကြီးစိုး လို့မရဘူး။ ဒီလိုပဲ လူရဲ့ အပုက်ကောင်ရုပ်ဆောင် ဒီခန္ဒာကိုယ်ကြီးဟာလဲ အချိန်နာရီတွေ လည်လေတိုင်း ပြောင်းလဲမူအမျိုးမျိုးနဲ့ ကြုံဆုံနေရတာ ညီငယ်တို့လဲသိမှာ ပါ။
     ဒါကြောင့် မိမိအလုပ်အကိုင် လုပ်ကိုင်နိင်တုန်း ကြိုးစားအားထုတ်ပါ။
      ဒီလိုမှ မဟုတ်ရင် အသင်ရလာတဲ့အခါ နောင်တတွေနဲ့ ကိုယ်ကိုယ်ကို အပြစ်တင်မိကြမှာ အသေခြာပဲ။
        နိဂုန်းချူပ်ပြောမယ်ညီငယ်တို့ရာ
ကြိုးစာပါ
မိမိက တစ်လ ဘယ်လောက်ရပါတယ်မကြည့်နဲ့
မိမိက တစ်လ ဘယ်လောက်စုဆောင်းတယ်ကိုကြည့်ပါ။
အလုပ်အကိုင်တိုင်းကိုလဲ မိမိကိုယ်ပိုင်လို မှတ်ပါလေ။


စေတနာထားပါ။
    မိမိအလုပ်လုပ်ရတာ ငွေတစ်ခုထဲအတွက်လို့မတွေးပါနဲ့ အတွေ့အကြုံ ဗဟုသုတ အတွက်ပါ ကြည့်ပါ။
နောင်တစ်ချိန်ကိုယ်ပိုင် လုပ်နိင်အောသ်ကြိုးစားပါ။
ငွေယူပြီး ပညာသင်ရတာ ညီငယ်တို့အတွက်မြတ်ပါတယ်။
ပညာမယူတက်ရင်တော့ ညီငယ်တို့ အရူံးပေါ့။
           ဘဝကြီးကို ညီငယ်တို့ရဲ့ ပညာတွေနဲ့ 
   လှပအောင်ခြယ်သနိင်ပါစေလို့အကို ဆုတောင်းပေးပါတယ်နော် ညီငယ်တို့။
         ( ตู่  ...ไทย. )
www.softwarenantaw.blogspot.com

No comments:

Post a Comment