စိတ်

       အားလုံးသောချစ်သူငယ်ချင်းအားလုံး

မင်္ဂလာပါခင်ဗျာ

အခုတင်မဲ့ပို့လေးကတော့ လူတွေလူတွေ အားလုံးရဲ့အစိုးရဖြစ်သော စိတ်နဲ့ပါတ်သတ်ပြီး ကျန်တော်သိသလောက် ရေးသားမှာဖြစ်ပါတယ်။ယခုတင်မဲ့ပို့လေးမှာ အမှား တစ်ဦးတစ်ယောက်ကိုထိခိုက်စေမယ်ဆိုရင်ခွင့်လွတ်ပေးပါလို့ ဦးစွာပထမ တောင်းဆိုအပ်ပါတယ်ခင်ဗျာ....

           ▫▫▫  စိတ်  ▫▫▫

ယခုကျန်တော်တို့ ရှင်သန်နေထိုင်တဲ့ ကမ္ဘာမြေကြီးပေါ်မှ သက်ရှိအားလုံးဟာ စိတ်ရဲ့ စေခိုင်းမူ့ တောင်းတမူ့ ကြောင့်ကြမူ့တို့ဖြင့် နေ့စဉ်ဘဝကိုကျင်လည် နေထိုင်စားသောက်နေကြတာ အားလုံးလဲ သိကြ မြင်ကြမယ်ထင်ပါတယ်။
    ထိုတွင် ရှင်သန်နေထိုင်ကြသူများထဲတွင် မိမိရဲ့ စိတ်ပေါ်မူတည်ပြီး ကောင်းသော ဆိုးသော လူများဟူ၍ ဖြစ်လာကြ၏။ ကောင်းတဲစိတ် ကောင်းတဲ့ အကြံ ရှိသောလူသည် ကောင်းတာလုပ်မည်။ဆိုးသော စိတ်အကြံရှိသောလူသည် ဆိုးတာကိုလုပ်မည်။
ဒီကောင်းကောင်းဆိုးဆိုး အရာအပြုအမူအကြံမှန်သမျှဟာ စိတ်ရဲ့စေခိုင်းမူ့ကြောင့် ဖြစ်သည်။ဒါကိုလူတွေက မမစဉ်းစားမိတော့ လိုခြင်လို့လုပ်တာပဲ စားခြင်လို့လုပ်တာပဲ ဆိုကာ အမျိုမျိုးပြောတက်ကြသည်။ စိတ်ရဲ့ ကြီးစိုးမူ့ကို မမြင်နိင်။ဒီလိုမမြင်နိင်ကြတော့ နောင်ဆုံးဘာဖြစ်ကြလဲ မလုပ်သင့် မဖြစ်သင့် မကြံသင့်တာတွေ ကြာကာ အမှားလမ်းကို မမြင်နိင် လျောက်လှမ်းနေကြတယ်။မကောင်းခြင်းရဲ့နိဂုံး နောက်ဆုံး ဘဝတွေဟာ တဖြည်းဖြည်း ပူလောင်လာတယ် အန္တရာယ်တွေလဝိုင်းလာတယ် ရောဂါတွေလဲ ဝင်လာမယ်။တွေးကြည့်ရင် တကယ်ကြောက်စရာကောင်းလှသည်။
   ဒါကိုမမြင်နိင်သူတချို့က မိမိစိတ်ရဲ့ အလိုလိုက်ကာ စဉ်းစားခြင့်ချိန်နိင်မူ့မရှိတော့ အမှားတွေ တစ်ခုပြီးတစ်ခု ဇယ်ဆက်ဆိုသလိုကြူးလွန်နေကြတယ်။သိမြင်နိင်သူတွေကတော့ မိမိစိတ်ကို ထိန်းနိင်စွမ်းအား ရှိသဖြင့် အရာရာသတိနဲ့နေထိုင်သဖြင့် အမှားမလုပ်မီ အမှားမှန်းသိ ရှောင်နိင်စွမ်းအားရှိသဖြင့် အမှားနည်းကြတယ်။
   လက်ရှိ အပြင်လောက မှာ ကျန်တော်ခနခနကြားနေရသောသတင်းတွေ အများပင်။ လောဘစိတ်ကြောင့် သားအဖခြင်းပင် သတ်တဲ့အထိ ကြားရသည်။ဒေါသစိတ်ကြောင့် ခိုက်ရန်တွေဖြစ် သေကြေကြရတာလဲအများအပြားပင်။ကိလေသာစိတ် ကြောင့် ပဲ မလုပ်သင်တာတွေ လုပ်ပြီး ဘဝတွေ ဆုံးရုံးကြတာတွေလဲကျန်နေသေးသည်။ယခုလိုဒေါသ၊လောဘ၊ကိလေသာစိတ်တွေရဲ့ ဖြစ်တည်ရာ နေရာက စိတ်ပင်။ မိမိစိတ်ကိုနိင်က အမှားအမှန်ကို ခွဲခြားနိင်လာမယ်ဒေါသကိုထိန်းနိုင်မယ်ကိလေသာစိတ်နည်းလာမယ်။
   ထက်ပြောလိုတာက မိတ်ဆွေသူငယ်ချင်းလဲ ထိုလိုအခြင်းအရာတွေ နဲကင်းအောင် စိတ်ကို နိင်အောင်ကြိုးစားပါနော်။မိမိစိတ်မနိင်က ဖြစ်လာမဲ့အကျိုးစက်က မိမိကို အခုဘဝတွင်သာာမက နောင်ဘဝတွေအဆင်ဆက်အထိ ပေးဆပ်ရပါလိမ့်မယ်။စိတ်ရဲ့ စိုးမိုးမူကို ကင်းပါစေ။
    ကျန်တော်ဖက်ဖူးသော ဆရာတော်တစ်ပါးရဲဆုံးမစကားလေးသတိရလို့ ပိုလေးနဲ့လဲ ကိုက်ညီလို့ရေးလိုက်မယ်နော်

    🔸🔸🔸  စိတ်ကြောင့်ကျင်လည်ပုံ 🔸🔸🔸

  ➡လူပြည်နတ်ပြည် ဗြဟ္မပြည်

  ကျင်လည်စိတ်ကြောင့်သာ

  ➡အပယ်လေးပါးကြသူများ

  မှတ်ကြစိတ်ကြောင့်သာ

  ➡ကောင်းဆိုးယုက်မြတ် ဖြစ်လာတက်

  မှတ်ကြစိတ်ကြောင့်သာ

   ➡မြတ်သောနိဗ္ဗာန်  ဤနေရာ

   စိတ်ဆောင်ရောက်မည်သာ....
  
        အားလုံးသောချစ်မိတ်ဆွေ သူငယ်ချင်းများ
    လေဘ၊ဒေါသ၊မောဟ၊မာနကင်းကွာ နိဗ္ဗာန်
    မြတ်မှောက် ပြု သာသနာအကျိုး ရွက်သယ်ပိုး
    နိင်ကြပါစေခင်ဗျာ.....

   ✒  http://soelaycupid.blogspot.com✒
✒http://softwarenantaw.blogspot.com✒
           🙏🙏 ကြိုဆိုပါ၏မိတ်ဆွေ. 🙏🙏
                    👦👦  ချစ်သူ. 👦👦
           အားလုံးကိုလေးစားစွာဖြင့်.............


No comments:

Post a Comment