သိစေခြင်သည်

ချစ်သောမိတ်ဆွေ ချစ်သူငယ်ချင်း ညီအကိုမောင်နှမအားလုံးမင်္ဂလာပါလို့ ဦးစွာပထမနူတ်ခွန်းဆက်သလိုက်ပါရစေ။
ကျန်တော် အခုတင်မဲ့ပို့လေးကတော့ ကျန်တော့ရဲ့ ညီမငယ် ညီငယ် ချစ်သောသူငယ်ချင်းများကို ဖေ့ဘွတ်သုံးရင်း အမှားတွေမကြုံတွေစေဖို့ အခုပို့လေးကနေ သိသလောက် ပို့တင်ရေးသား ပြောပါရစေနော်။
    
         ◽◽◽  သိစေခြင်သည် ◽◽◽

ယခုတစ်လော လူကောင်းလူဆိုး ကလေးလူကြီးပါမကျန်ဖေ့ဘွတ်ကို သုံးစွဲကြတာအားလုံးအသိပင်။ထိုအပြင် စီးပွားရေးသမားများ ဝန်ဆောင်မူ့သမားများအပြင်ကုမ္မဏီများကပါ သုံးစွဲနေကြပါပြီ။ ဒါပေမယ့်ဗျာတစ်ဖက်မှာလည်း တစ်ချို့ဖေ့ဘွတ်ကို အသုံးပြုကာ တစ်ပါသူကို နာကျင်စေ၊အရှက်ရစေ မယ့် ပို့တွေတစ်ပါးသူရဲ့ ပုံကို ယူကာ အရှက်ရစေမဲ့ ပို့တွေရေး မိမိအပျော်အတွက် အသုံးချ တက်ကြသော လူမျိုးများလဲ တွေ့နေရတယ်။ ဖေ့ဘွတ်ဆိုသော ဆိုရှယ် မီဒီယာကို အသုံးပြုကာ မကောင်းသော အလုပ်လုပ်သူများလဲရှိနိင်သေးသည်။ သတိထားစရာပင်  ...
   ယခုအကြောင်းလေးပြောပြပြီးပြီဆိုတော့ မိတ်ဆွေသူငယ်ချင်း ညီ၊ညီမငယ်လေးတို့ကို တစ်ခုလောက်တော့ ပြောခွင့်ပြုပါ။ သင်တို့ကျန်တော်တို့သည် နေ့စဉ်မအား အလုပ်ထဲမှာအချိန်ကုန်နေသူတွေ ဘဝအတွက် ရူန်းကန်နေရသူတွေလို့ ကျန်တော်ထင်ပါတယ်။ သင်တို့ကျန်တော်တို့က တစ်နေ့တာ ပင်ပန်းသမျှအမောပြေစေဖို့ နဲ့ အပေါင်းအသင်း နယ်ပယ်ချဲလိုသောကြောင့် ဖေ့ဘွတ်ကိုသုံးနေကြတယ်။
ဒါပေမယ့်ဗျာ သင်တို့ရဲ့ အပန်းဖြေ မူ့တွေ အပျော်တွေဟာ တစ်ခါတစ်လေ မကောင်းသောသူမျိုးတို့နင့်ကြုံတွေ့ပါက အနည်းဆုံး နာမယ် ပျက် မိမိ မျက်နှာပျက်နိင်သည်။ ကျန်တော် ပြောတာ သင်မရှင်းဘူးလိုထင်ပါတယ်။ကျန်တော် သေခြာရှင်းပြပေးပါမယ်။အခုတစ်လောဖေ့ဘွတ်မှာတွေ့တွေ့နေရတဲ့ မိမိပုံကိုတင်ပြီး ပို့တင် သူငယ်ချင်းတွေ တွေ့ကြ စကားပြောကြ နဲ့ဘဝကြီးမှာ အပျော်ရှာ နေကြတာ သူငယ်ချင်းတို့လဲ ကိုယ်တိုင် တင်မိကြမှာပဲ။ ကျန်တော်လဲတင်ပါတယ်။ဒါပေမယ့်ဗျာ တစ်ကယ်တော့ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် အခန့်မသင့်ရင် သူငယ်ချင်မိတ်ဆွေတွေကြားမျက်နှာပျက်နိင်သည်။
ဥပမာဗျာ သင်ကသင့်ပုံကိုတင်မိပြီဆိုပါဆို့ တစ်စုံတစ်ယောက်သောသူ အကြံဖန်သမားနဲ့ တွေ့က သင်ပုံဟာ ဖြတ်ဆက် ရာကနေ sexy ပုံတွေ တစ်ခြားအမြင်မတော်စရာပုံတွေ ဖြစ်နိင်သည်။ ပုံတွေတင်သောသူငယ်ချင်းများ သတိရှိပါ။ကျန်တော် ဖေ့ဘွတ်မှာ ကြာပါပြီတွေ့ဖူးတာ သိသူတွေလဲရှိရင်ရှိမှာပါ။
ရဟန်းသံဃာတော်တွေ ကို ရည်ညွန်းသော် ဖြတ်ဆက်ပုံတစ်ပုံ။ပုံမှာ ရဟန်းသံဃာတော်တွေ က ကောင်မလေးတွေနဲ့လက်တွဲသွားတဲ့ပုံပါ။မသင်တော်ပေ။ယခုလို ဆိုရုယ်အဖွဲ့အစည်းမှာတင်တော့ မြန်မာပြည်ရဲ့ သာသနာ ပိုပြီး ညိုးနွမ်းစေနိင်သည်။
     ကျန်တော် နောက်ဆုံးအနေနဲ့ ပြောလိုတာက သင့်ပုံကို ဖေ့ဘွတ်မှာ တင်ခြင်းထက် သင်ရဲ့ခံစားချက်ကို တခြားခံစားချက်ကို ကိုယ်စားပြုတဲ့ ပုံလေးတွေ တင်တာ ပို လုံခြုံပါတယ်။ကျန်တော် ပြောခဲ့တာတွေလဲ မကြုံနိင် ဘူးလို့တော့မထင်လိုက်နဲ့နော် အခုခေါက်က ကွန်ပြူတာခေါတ် အင်တာနက်ခေါတ် ဆိုတာလဲမမေ့ကြပါနဲဗျာ။
ဖြစ်ပြီးမှ ခံစားရတာထက် မဖြစ်ခင် ထိန်းသိန်းနေတာ ပိုသင့်တော်မယ်ထင်ပါတယ်။
     အခုပြောသောစကားပြောရခြင်းရဲ့ အဓိကမှာ ကျန်တော်သူငယ်ချင်းတွေကို မဖြစ်သင့်တာမဖြစ်ရအောင်  ရည်ရွယ်ချက်တစ်ခုထဲနဲ့ပဲ အခုလို ပိုတင်ရေး ရခြင်းဖြစ်ပါတယ်ဗျာ။
     အမှားတစ်စုံတစ်ရာ ပို့လေးမှာ တွေ့ရှိခဲ့ပါက ခွင့်လွတ်ပါခင်ဗျာ။
     
     " သတိရှိပါ ညီငယ် ညီမငယ်
        တစ်ခါတစ်ရံညီလေးညီမလေးတို့ရဲ့
        အမှားလေးတစ်ခုက
        ပြင်ရခက်လောက်အောင်
        အသက်အန္တရာယ်ပင် ထိခိုက်စေနိင်တဲ့အတွက်
        အရာရာ သတိရှိပါကွယ် "
                                ⭐⭐⭐ ချစ်သူ ⭐⭐⭐
  🌟🌟http://softwarenantaw.blogspot.com🌟🌟
🌟🌟http://soelaycupid.blogspot.com🌟🌟


No comments:

Post a Comment