အားလုံသော ချစ်သူငယ်ချင်းများ မင်္ဂလာပါဗျာ
အခုတင်မဲ့အကြောင်းအရာလေးကတော့
စည်းကမ်းနဲ့ပါတ်သက်ပြီး ပြောပြစရာလေးရှိလို့ပါ။
တစ်ခုခုအမှားပါရှိပါခဲ့ရင် အမုန်းမပါ အပြုံးနဲ့သာ
ပြင်ဆင်ဖက်လို့ ခွင့်လွတ်ပေးပါခင်ဗျာ။
*** စည်းကမ်း ***
စည်းကမ်းဟူသည် လူတွေနဲ့ကင်းကွာမရပေ။
စည်းကမ်းမရှိက လူပြည်လရွာတွင် ပြဿနာ
တွေနဲ့ ပြည့်နှက်နေလိမ့်မည်။
မြို့မှာ မြို့စည်းကမ်း
ရွာမှာရွာစည်းကမ်း
အိမ်မှာအိမ်စည်းကမ်းရယ်လို့ရှိတယ်။
ဒီစည်းကမ်းတွေကို လိုက်နာမှသာ လူမူဘဝ
တိုးတက်ပေလိမ့်မည်။
အခုလက်ရှိမြန်မာပြည်အနေအထားကို မသိရသော်လဲ
ကျန်တော်ရှိစဉ် တုန်းက မြန်မာပြည်သူတွေရဲ့ စည်းကမ်း
နဲ့ပတ်သက်လို့ အရမ်းအားနည်းကြတယ်။ ဒါကြောင့်လဲ
တိုးတက်ခြင်ပါလျက် အခုထိ ရှေ့မရောက် နောက်မရောက်
ပဲ ရပ်နေတာ။တစ်ချို့အသံတွေကြားရတယ် အစိုးရမကောင်း
လို့ လို့ပြောကြတယ်။ တချို့ကြတော့လဲ ပညာရေးကြောင့်လို့
ပြောကြတယ်။ဟုတ်ပါတယ်
ဒါပေမယ့် အဲဒါတွေထက်ပိုအရေးကြီးတာကို သူတို့မတွေး
မိကြဘူး။ ဘာလဲဆိုတော့စည်းကမ်းပါပဲ။
အစိုးရဘယ်လောက်ကောင်းကောင်း ပညာရေးဘယ်လောက်
ကောင်းကောင်း လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့စည်းကမ်း
မရှိရင်တိုးတက်မူ နှောင့်နှေးနေမှာပါပဲ။
အတိအလင်းဥပမာပေး၍ ဆိုရသော်
အများပြည်သူနဲ့ဆိုင်သောနေရာများတွင် လူများစည်းမဲကမ်း
မဲ ပြုမူကြတာတွေ့ရပါတယ်။ ဥပမာ -
လမ်းဘေးလူနားရန်ရိပ်သာ၊အစိုးရရုံးတွေ ၊ လမ်းဘေး
ရေချမ်းစဉ်တွေ အစစအရာရာပေါ့။
မိမိပစ္စည်းမဟုတ်ဘူးဆိုပြီး လုပ်ခြင်သလိုလုပ် ထားခြင်သလို
ထားပါက မိမိနေတဲ့ မြို့၊ရွာ လေးတွေဟာ အမြဲတမ်းခြောက်
ခြောက်သွေ့သွေ့နေပေလိမ့်မည်။
နောက်တစ်ခုက အမှိုက်များကို စည်းမဲ့ကမ်းမဲ့ ပစ်ခြင်း၊
အဲ့လို စည်းမဲ့ ကမ်းမဲ့ ပစ်မူ့ကြောင့် သဘာဝကို ညစ်ညမ်း
စေပါတယ်။အမှိုက်များကို စည်းကမ်းတကျ သူနေရာနဲ့သူ
ပစ်သင့်သည်။အစိုးရနှင့် တာဝန်ရှိသူများမှလဲ အမှိုက်ပုန်းများ
ကို နေရာအလိုက် ဖြစ်နိင်မယ်ဆို ချထားပေးသင့်သည့်။
နောက်ထက်သဘာဝရာသီဥတုကို ပျက်စီးစေတာကတော့
စည်းမဲ့ကမ်းမဲ့ သစ်ပင်များခုတ်ယူခြင်း၊ အသက်မပြည့်သေး
အရွယ်မရောက်သေးသောအပင်များကို လိုတာထက်ပိုခုတ်
ယူခြင်းပါပဲ။
အဲလိုစည်းမဲကမ်းမဲခုတ်ယူမူ့များကြောင့်ရာသီဥတု ဖောက်ပြန်
ခြင်းများကို ကြုံတွေကြရတာ အားလုံးအသိပါပဲ။
သစ်ပင်များဟာ ခုတ်သာခုတ်ယူနေကြပြီး ပြန်လည်စိုက်ပျိုး
ထောင်ခြင်းမရှိတော့တောပြူန်းပြီး သဘာဝဘေးအန္တရာယ်
တွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတာပါပဲ။
နောက်ထက်ရှိနေသောသောအချက်တစ်ချက်ကတော့
သဘာဝသယံဇာတတွေကို လိုတာထက် ပိုပြီးထုတ်ယူခြင်း
ကမ္ဘာမြေကြီးရဲ့ မြေအောက်သယံဇာတတွေကို လွန်ကဲစွာ
ထုတ်ယူမူ့ကြောင့် ကမ္ဘာမြေကြီးရဲ အပေါ်ရံမြေဆီလွာကို
ထိခိုက်စေပါတယ်။
ဒီလို ပဲမြန်မာပြည်ကြီးရဲ့
( 1 ) ပြည်သူပြည်သား
( 2 ) အစိုးရဝန်ထမ်းတွေနဲ့ တခြားသော
ဆိုင်ရာဆိုင်ရာ အပေါင်းတို့ စည်းကမ်းမရှိ
အရင်လိုပဲဆက်နေနေမယ်ဆိုရင်
ရွေမြန်မာ ကမ္ဘာလယ်မှာ ရွေရောင်လင်းဖို့ရာ
မမြင်ပေ....
ဒါကြောင့်
မိဘပြည်သူ
အစိုးရဝန်ထမ်းများ
ဂုဏ်သရေရှိ လူကြီးများ
မိမိပြည်ကိုတကယ် ကမ္ဘာလယ်မှာ ရွေရောင်လင်းလိုရင်
လူတစ်ဦးစီမှာ စည်းကမ်းရှိကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်
ခင်ဗျာ....
အခုရေးသားသောပို့တွင်
တစ်စုံတစ်ယောက်
မည်သည့်အဖွဲအစည်းကိုမှ
မရည်ရွယ်ပေ
ရည်ရွယ်ချက်ကတစ်ခုသာရှိသည်
စည်းကမ်းရှိသော နိင်ငံတော်ကြီးတစ်ရပ်
ရွေမြန်မာပြည်ကို ဖြစ်စေလိုသည်။
အမှားတစ်စုံတစ်ရာတွေ့ရှိပါခဲ့ရင်
မေတ္တာရှေ့ထား၍
ခွင့်လွတ်ပေးပါခင်ဗျာ
*** โซตู่ ***
http://soelaycupid.blogspot.com
ကြိုဆိုပါ၏မိတ်ဆွေ
စည်းကမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment