ယခုကျွန်တော်အတွေးထဲဝင်လာတဲအတွေးလေးနဲ့
အားလုံးသော မိတ်ဆွေ
ညီငယ်၊ ညီမငယ်တွေကို တိုက်တွန်းပေးပါရစေ
အခုစာရေးတဲ့ရည်ရွယ်ချက်က ကျွန်တော်ညီလေး
ညီမလေးတွေနဲ့
အားလုံးသော ဖေ့ဘွတ်က ညီငယ်၊ညီမငယ်လေးတွေကို
ပညာကို ကြိုးစားစေချင်လို့ပါ။
ညီလေး၊ညီမလေးတို့ရေ
တကယ်တော့ပညာဆိုတာ မိဘတွေပေးတဲ့
တစ်ဘဝစာအတွက် အမွေလေးပါ။
တကယ်တော့ သင်တို့၊ကျွန်တော်တို့ရဲ့မိဘတွေသည်
အခြေခံလူတန်းစားတွေပါ
ဒါပေမဲ့ စေတနာရင်မှာထားကာ ငယ်စဉ်ကစ
ကြီးပြင်းလာတဲ့အထိ ကြိုးစားရုံးကန် ပညာအမွေ
ပေးကာ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘတွေဘဝကို
သင်စာနာတက်မယ်ဆို သင်နားလည်လာမှာပါ
တစ်ချို့ဆို အဆင်မပြေတဲ့ကြားက ပညာအမွေကို
တစ်စက်လေးမှမလျော့ ပေးကြတယ်။
ဒါပေမယ်ဗျာ
လက်ခံသူ သားသမိးတွေကမယူတက်တော့
ပညာဆိုတာ အလကားဖြစ်ရပြီပေါ့ ။
မိဘတွေခမျှာမှာတော့
ငါ့သားလေး၊ငါ့သမီးလေး
အရွယ်ရောက်ရင် အလုပ်တွေပင်ပန်းဆင်းရဲလုပ်တာမကြည့်
ရက်လို့ ပညာသင်စေတယ်။
ဒါကိုကလေးတွေကမသိတော့ ပညာဆိုတာ
ဘဝမှာ အရေးမပါသလိုဖြစ်သွားမယ်။
တစ်ချို့ကပြောတယ်
ပညာတက်လဲ အလုပ်ကျမ်းလုပ်ရတာပဲတဲ့
ဒီလိုလူတွေအတွက်တော့ ပညာဆိုတာဟာ
အရေးပါမည်မဟုတ်
ချစ်မိတ်ဆွေတို့ကို
ပညာဆိုတာ ဘယ်လောက်အရေးပါတယ်ဆိုတာ
တစ်နေ့ ကြုံကာတွေ့မှ နောင်တ
နောင်တမရစေခြင်
ဒါကြောင့် ညီငယ်
ညီမငယ်
များလဲ မိမိဘဝအတွက်ကြိုးစားကြပါဗျာ
တစ်ခုတည်းသော
မိဘတို့ရဲ့
သားသမီးတွေအတွက်
မြတ်မြတ်တဲ့အမွေပါဗျာ
အို
ညီငယ်၊ ညီမငယ်တို့
ကြိုးစားကြလော့
နိုးကြားကြလော့
ပညာစွမ်းအားနဲ့
ဘဝကြီးကို မြင့်တင်ကြလော့
( ချစ်သူ )
ဆောဝဲနန်းတော်
( S. W. N. T )
http://softwarenantaw.blogspot.com
ကြိုဆိုပါ၏
မိဘတို့ရဲ့အမွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment