13/4/2015
ဒို့မြန်မာသားရတာနာလေးများ ( အမျိုးကောင်းသား)
အရမ်းကို ပျော်စရာကောင်းတဲ့ နစ်သစ်မင်္ဂလာ သင်္ကြန်
ခါဟာ အခုဆိုတစ်နစ်ထက်တစ်နစ် ပို၍ ဆိုးလာ၏။
အဓိကက ယောက်ကျားလေးတွေ လူငယ်တွေ၊
ခေါတ်ကြီးတိုးတက်လာတာနဲ့အမျှ သင်္ကြန်ကို ကားတွေနဲ့လည်၊ဆိုင်ကယ်တွေနဲလည် လမ်းတွေမှာ
ဆူညံလို့နေတယ်။ထိုသို့လည်ရာမှာလည်း ကားဆို ကားသမားက မူးနေရင်ရင်လေးရ၏။
ဆိုင်ကယ်ဆိုလဲ လူရူပ်တပဲ နေရာတွေမှာ ၊ ကလေးတွေရှိတဲ့နေရာတွေမှာ အရိုန်နဲ့သွားတော့
ရေကစားသူ ကလေးတွေအဖို့ စိုးရိမ်မိတယ်။
တစ်ခါတစ်လေတွေ့ရတယ် မူးလို့တောင်လဲတော့မယ် ဆိုင်ကယ်ကိုမောင်းနေသေး၏ ။
ခနခနလဲ မတော်တဆတွေတွေ့တွေ့နေရတယ် ။
နောက်တစ်ခုကလဲ မူးပြီးလူကြားထဲဝင်က လူကြားဆိုတော့ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် ထိမိမှာပေါ့
ဒါပေမယ့် အရက်ရဲ့နိုးဆွမူ့ကြောင့် ခိုက်ရန်ဖြစ်ပွားကြ၏။
ဒါတောင်အတိုချူံးပြောတာပါ
ကျန်တော်
ဖေ့ဘွတ်ကညီတွေ ၊အကိုတွေကို ပြောလိုတာက သင်္ကြန်မှာ မသောက်နဲ့လို့မပြောပါဘူး၊
ဒါပေမယ့်ဗျာ အမြဲတမ်း ကိုယ်စိတ်ကို ထိန်းကျောင်းပေးပါ
အရက်ခေါ်ရာ စိတ်မကြွမိစေပါနဲ့ ၊
မိမိကအမှားမလုပ်မိအောင် ထိန်းပါ ၊ ကျန်တော်လဲ 2012 လောက်ကထင်တယ်
သင်္ကြန်မှာစမ်းသောက်ကြည့်ဖူးတယ်၊
သောက်ပြီးသည်နဲ့ သူငယ်ချင်းတွေကို မပြောသင့်တာကိုပြော ၊မဆသင့်တာကိုဆ စိတ်လွတ်သွားတယ်
အမှားပြုလွယ်တယ်၊
ပြောလိုတာက လူရဲ့စိတ်ကို ရူးသွတ်စေ၊ အမှားတွေကို လုပ်ဖို့ တွန်းအားပေးတဲ့အရက်တွေကို သင်္ကြန်ချိန်ခါမှာ မသောက်သင့်ဘူးဗျ
ဒါကို ညီအကိုတွေလဲသိမှာပါ ၊ တက်နိင်သလောက်ကင်းအောင်နေနိင်ရင် အကောင်းဆုံးပဲ။
မသောက်နဲ့လိုမဆိုပါ
သောက်ပြီးလျင် မိမိကိုယ်မိမိ သတိနဲပြောဆိုဆက်စံပါနော်၊။
ဒီသင်္ကြန်မှာ ခိုက်ရန်တွေကင်းဖို့မျော်လင့်ပါတယ်
အားလုံးဟာ တစ်မြေထဲနေ တစ်ရေထဲသောက် ညီအကိုတွေပဲဗျာ
မဟုတ်လား
ညီအကိုတို့ခင်ဗျာ
ချစ်သူ
အခုရေးတဲ့ စာတွေမှာ မှားတာများပါခဲ့ရင် ခွင့်လွတ်ပေးပါဗျာ
အားလုံးကိုလေးစားလျက်
၈thu.....
http://softwarenantaw.blogspot.com
No comments:
Post a Comment