**" လေးစာထိုက်သောစိတ်ဓါတ် "**
မည်သူမဆို မိမိမိတ်ဆွေ သူငယ်ချင်း
အသိတစ်ယောက်ယောက်ဆုံးပါးသွားရင်
ငိုကြတာဟာ လူတွေရဲ့ ခံစားချက် အမူအကျင့်ပါ။
ယခုပြောလိုတာက သူငယ်ချင်တစ်ယောက်ရဲ့ မိသားစုအကြောင်းလေးပါ တစ်ကယ် လေးစားစရာ
တည်ငြိည်ရင့်ကျက်သော အမူအကျင့်ကို ပိုင်ဆိုင်ထားသော သူများဟု ဆိုရမည်။
ကျွန်တော်ကိုယ်တိုင် လဲ ကျွေးဖခင် ကွယ်လွန်ခါက ယောင်္ကျားဆိုတာ ဝမ်းနည်းလဲမျက်ရည်မကျရဘူးဟု ကြိတ်ကာရေရွတ်၍ နေခဲဖူးသည် ကိုယ်အဖေဆုံးတာပဲ ဘယ်သူကနေနိင်မှာလဲ
ခဏပါပဲ အိမ်ပြန်ရောက် အဖေစီးနေကျ ဆိုင်ကယ်လေးကို ကြည့်မိတိုင်း အလိုလို မျက်ရည် စီးကျ၏။ ဘယ်လိုမှ မတိတ်ပေ ။
အခုထိတိုင် ဘဝခရီးမှာ လဲကျ
ပင်ပန်းနွမ်းနယ်
အရုံးများကို
ရင်ဆိုင်ရတိုင်း အဖေမျက်နှာမြင်ကာ ယောင်ယောင်ခေါ်နေမိတာ ဘယ်သူမှ မသိတဲ့ အခန်းငယ်လေးထဲမှာပါ။
ယောက်ျားတန်မဲ့ ရှက်မိပါတယ်။
အခုပြောမဲ့သူငယ်ချင်းက သူအမေသေတာကို မမငိုပဲ နေတယ်တဲ့
တော်တော်မလွယ်တဲ့ကိစ္စပါဗျာ
သူပြောခဲ့တဲ့စကားကလဲ
** လူဆိုတာသေမျိုးတွေပဲတဲ့ **
ဟုတ်တယ် လူတွေဟာဒါကိုသိရက်နဲ့ ဆွဲနေတော့ ပူသထက်ပူလောင်နေကြတာပေါ့။
ဒီမိသားစု၏စိတ်ဓါတ်ကို
ကျွန်တော်အတော်ကိုလေးစားဂုဏ်ယူမိသည် ။
အားလုံးသော မိတ်ဆွေ သူငယ်ချင်များနဲ့  မိဘပြည်သူတို့
**" လူဆိုတာတစ်နေ့သေမျိုး "**
ဆိုတာကိုမမေ့သင့်
ဖြစ်လာပြီးမှတော့
ပျက်မှာကို တွေးပူနေအုံးမှာလား
**" ဒီဒုက္ခအပူ ကို ငြိမ်းသက်သာ
အေးချမ်းသောဘဝကိုပိုင်ဆိုင်ကြစေသော်."**
လေးစားစွာဖြင့်
သူငယ်ချင်းသို့
၈thu,.
http://thaispoken.blogspot.com
No comments:
Post a Comment